ဝတ်ပြု 26:45 - Common Language Bible45 ငါထာဝရဘုရားသည်ငါ၏လူမျိုးတော်၏ ဘုရားဖြစ်အံ့သောငှာ သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခြင်းဖြင့် လူမျိုးအပေါင်းတို့အား ငါ၏တန်ခိုးကိုဖော်ပြစဉ်အခါက သူတို့ ၏ဘိုးဘေးများနှင့်ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့သတိရတော်မူမည်'' ဟု မိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible45 သူ တို့ ဘု ရား သ ခင် ဖြစ် ခြင်း ငှါ၊ လူ မျိုး ခြား တို့ ရှေ့ တွင် ပင် အိ ဂျစ် ပြည် မှ ထုတ် ဆောင် သော ဘိုး ဘေး တို့ နှင့် ဖွဲ့ ခဲ့ ပြီး ပ ဋိ ညာဥ် တော် ကို သူ တို့ အ ကျိုး အ လို ငှါ အောက် မေ့ လိမ့် မည်။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း ဟူ၍ ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible45 ငါသည် သူတို့၏ဘုရားသခင်ဖြစ်အံ့သောငှာ သာသနာပလူတို့မျက်မှောက်၌၊ အဲဂုတ္တုပြည်မှငါနုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသောပဋိညာဉ်ကို သူတို့အတွက်ငါအောက်မေ့မည်။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း45 ငါသည် သူတို့ဘိုးဘေးတို့၏ဘုရားဖြစ်ဖို့အတွက် လူမျိုးခြားတို့၏မျက်မှောက်၊ အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သော သူတို့၏ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သည့်ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်။ ငါသည် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။