ဝတ်ပြု 26:40 - Common Language Bible40 ``သို့ရာတွင်သင်တို့၏အဆက်အနွယ်များ သည် သူတို့၏အပြစ်နှင့်ဘိုးဘေးတို့၏အပြစ် များကိုဝန်ချတောင်းပန်ကြလိမ့်မည်။ သူတို့ ၏ဘိုးဘေးများသည်ငါ့ကိုဆန့်ကျင်၍ပုန် ကန်သဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible40-41 ငါ့ တစ် ဘက်၌ လွန် ကျူး သော အ မှု ကို ထောက် သ ဖြင့် ဘိုး ဘေး မှ စ၍ သူ တို့ တိုင် ဒု စ ရိုက် ပြု ခဲ့ ကြောင်း ကို လည်း ကောင်း၊ ဆန့် ကျင် ဘက် လေ့ လာ ခြင်း၊ ရန် သူ့ ပြည် သို့ ထုတ် လိုက် ခြင်း ကို ငါ ပြု သည် မှာ ငါ့ အား ဆန့် ကျင် ဘက် လေ့ လာ ကြ သည့် အ တွက် သာ စီ ရင် ကြောင်း ကို လည်း ကောင်း ဖော် ပြ လျက် လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သော စိတ် ကို နှိမ့် ချ၍ ဒု စ ရိုက် ဒဏ် ဝန် ခံ ကြ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible40 သို့ရာတွင် သူတို့သည်ငါ့ကိုပြစ်မှား၍၊ ငါ့ကိုဆန့်ကျင်ဘက်ပြုသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40 သို့သော် သူတို့၏အပြစ်၊ ဘိုးဘေးတို့၏အပြစ်ကို ဖော်ပြဝန်ခံမည်ဆိုလျှင်၊ သူတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုဆက်လက်ဆန့်ကျင်ကြသဖြင့် အခန်းကိုကြည့်ပါ။ |
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
ထိုတိုင်းပြည်သည်အလွန်ဝေးကွာလျက်ပင်နေ စေကာမူ ကိုယ်တော်ရှင့်လူမျိုးတော်၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ အကယ်၍သူ တို့သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးခဲ့၍အဘယ်မျှဆိုး ညစ်ယုတ်မာခဲ့ကြောင်းကိုဖော်ပြဝန်ခံလျက် အထံတော်သို့ဆုတောင်းပတ္ထနာပြုကြပါ လျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။-
သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
``အို ထာဝရဘုရား၊ ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာ ဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။ လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။ အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။''