ဝတ်ပြု 26:34 - Common Language Bible34-35 ထိုအခါသင်တို့ယခင်ကအနားမပေးခဲ့ သောမြေသည် ယခုအနားရလိမ့်မည်။ သင်တို့ သည်ရန်သူ၏နိုင်ငံတွင်နေထိုင်ရစဉ် သင်တို့ ၏ပြည်သည်လူသူကင်းမဲ့မည်ဖြစ်၍အနား ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible34 ရန် သူ တို့ ပြည် တွင် သင် တို့ နေ ရ ကြ သည့် အ ခါ ဖုန်း ဆိုး ကုန်း ဖြစ် သ မျှ ကာ လ ပတ် လုံး မြေ သည် နား နေ ခွင့် ရ လျက် ထိုက် သင့် ရာ ဥ ပုသ် များ အ တွက် ဆပ် ခံ လှည့် ယူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible34 ထိုသို့ သင်တို့သည်ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသောကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ရန်သူတို့၏ပြည်၌ သင်တို့နေထိုင်၍ သင်တို့၏ပြည်သည် လူသူကင်းမဲ့သောကာလပတ်လုံး သင်တို့၏ပြည်သည် ဥပုသ်နေ့၌ မွေ့လျော်လိမ့်မည်။ သင်တို့၏ပြည်သည် ငြိမ်ဝပ်စွာနေရ၍ ဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
``အပြစ်မကူးလွန်သူလူတစ်ယောက်မျှမရှိ ပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍ သူတို့ အားရန်သူများလက်တွင်အရေးရှုံးနိမ့်စေ လျက် တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်း ကိုခံစေတော်မူပါလိမ့်မည်။-
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-