ဝတ်ပြု 25:50 - Common Language Bible50 မိမိအားဝယ်ယူသူနှင့်ညှိနှိုင်းပြီးလျှင် မိမိကိုယ်ကိုမိမိရောင်းသည့်နှစ်မှအစ ပြု၍ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်အထိ မိမိရမည့်သူရင်းငှားခ အပေါ်မူတည်၍အဖိုးအခကိုသတ်မှတ် ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible50 ကိုယ် ကို ရောင်း ချ သော နှစ် က စ၍ မင်္ဂ လာ နှစ် တိုင် အောင် အ ရှင့် ထံ သူ ရင်း ငှါး အ ဖြစ် ဖြင့် နေ သော နှစ် ကာ လ နှင့် အ မျှ ရောင်း သော ကိုယ် နေ ကြေး ကို ဝယ် သူ နှင့် ရေ တွက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible50 သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကိုရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍လည်းကောင်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍လည်းကောင်း၊ ကိုယ်အဖိုးကိုစီရင်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း50 သူသည် သူ့ကိုယ်သူ ရောင်းသောနှစ်မှစ၍ မင်္ဂလာရတုနှစ်အထိ နှစ်ပေါင်းကို ဝယ်သူနှင့်အတူ ရေတွက်ရမည်။ သူ့ကိုယ်သူရောင်းသောတန်ဖိုးသည် ရေတွက်သောနှစ်အလိုက်ဖြစ်ရမည်။ ဝယ်သူနှင့်နေရသောကာလသည် သူရင်းငှားတစ်ယောက်နေရသောကာလအတိုင်း ဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ |
သင်သည်ကျွန်တစ်ယောက်ကိုလွတ်ခွင့်ပေး ရာ၌ စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ စင်စစ်သူသည်အစေခံငှားခထက်ဝက် မျှဖြင့် ခြောက်နှစ်ပတ်လုံးသင့်ထံ၌ကျွန်ခံခဲ့လေပြီ။ ယင်းသို့ပြုလျှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဆောင်ရွက် သမျှကိုကောင်းချီးပေးတော်မူမည်။''