ဝတ်ပြု 21:1 - Common Language Bible1-3 ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်မှဆင်းသက်သောယဇ်ပုရောဟိတ် တို့အားအောက်ပါအတိုင်းမိန့်တော်မူသည်။ ယဇ်ပုရောဟိတ်သည်မိမိ၏အမိအဖ၊ သား သမီး၊ ညီအစ်ကို၊ မိမိနှင့်အတူနေထိုင် သောအိမ်ထောင်မကျသေးသည့်ညီအစ်မ စသည်တို့မှလွဲ၍အခြားဆွေမျိုးသား ချင်းတို့၏အသုဘကိစ္စများ၌ပါဝင် ဆောင်ရွက်ခြင်းအားဖြင့်ဘာသာရေး ထုံးနည်းအရမိမိကိုယ်ကိုမညစ် ညမ်းစေရ။- အခန်းကိုကြည့်ပါ။Garrad Bible1-2 တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ အား ဆင့် ဆို ရ မည့် အ ချက် ဟူ မူ ကား အ ဆွေ အ မျိုး နီး စပ် သူ ဖြစ် သော မိ ဘ၊ သား သ မီး၊ ညီ အစ် ကို တို့ ပြင် လူ မျိုး ချင်း သေ သူ တို့ အ တွက် ကိုယ် ကို မ သန့် အောင် မ ပြု ရ။ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်းသေသောသူအတွက် သင်တို့တွင်အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် ထာဝရဘုရားက မောရှေအား “အာရုန်၏သားယဇ်ပုရောဟိတ်တို့ကို ဆင့်ဆိုလော့။ ယဇ်ပုရောဟိတ်သည် ကိုယ့်လူမျိုးထဲမှသေလွန်သွားသူအတွက် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ အခန်းကိုကြည့်ပါ။ |
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
သူသည်ငါ့အတွက်သီးသန့်ဆက်ကပ်ထား သူဖြစ်၍ ဘာသာရေးထုံးနည်းအရမိမိ ကိုယ်ကိုမညစ်ညမ်းစေရ။ ငါ၏တဲတော်မှ ထွက်၍မည်သည့်အသုဘအိမ်သို့မျှမ သွားရ။ မိရင်းဘရင်းသေဆုံးသည့်အိမ်သို့ ပင်မသွားရ။ ဤသို့လျှင်ငါ၏တဲတော်မှ ထွက်၍အသုဘအိမ်သို့သွားခြင်းအား ဖြင့်ငါ၏တဲတော်ကိုမညစ်ညမ်းစေရ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက ယဇ် ပုရောဟိတ်တို့အား``ဤပညတ်သည်သင်တို့ အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။ အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။ သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့် စေမည်။ အမှန်စင်စစ်ထိုအရာတို့သည် ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ် ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ် ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-