ဝတ်ပြု 18:29 - Common Language Bible29 ထိုသို့သောစက်ဆုပ်ဖွယ်ရာအကျင့်ကိုပြု ကျင့်သူသည်ဘုရားသခင်၏လူမျိုးတော် မှပယ်ထုတ်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။Garrad Bible29 အ ကြင် သူ သည် ထို ရွံ ရှာ ဖွယ် အ မှု တစ် စုံ တစ် ခု ကို ပြု ကျင့် အံ့။ ထို သူ သည် အ မျိုး ဘောင် မှ ပယ် ရှား ခံ ရ မည် ဖြစ်၍၊ အခန်းကိုကြည့်ပါ။Judson Bible29 ထိုသို့သောရွံရှာဖွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းခံရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 အကယ်စင်စစ် ထိုစက်ဆုပ်ရွံရှာဖွယ်များထဲမှတစ်စုံတစ်ရာကို ပြုကျင့်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်ဤသို့ပြုကျင့်သူမှန် သမျှအားသုတ်သင်ဖျက်ဆီးတော်မူပါစေ သော။ သူတို့အားအဘယ်အခါ၌မျှငါတို့ ၏အမျိုးသားဖြစ်ပိုင်ခွင့်ကိုလည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားအားပူဇော် သကာများဆက်သသည့်လူမျိုးတော်ဖြစ် ပိုင်ခွင့်ကိုလည်ကောင်းမပေးဘဲနေတော်မူ ပါစေသော။