Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 17:6 - Common Language Bible

6 ယဇ်​ပု​ရော​ဟိတ်​သည် သွေး​ကို​တဲ​တော်​တံ​ခါး​ဝ ရှိ​ယဇ်​ပလ္လင်​လေး​ဘက်​တွင် ပက်​ဖျန်း​ရ​မည်။ ထို နောက်​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့​ကို​ထွက် ပေါ်​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ပ ရော ဟိတ် သည် တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင် အ သွေး သွန်း ပက် ခြင်း၊ ထာ ဝ ရ ဘု ရား စိတ် တော် ဖြေ ဖွယ် ရ နံ့ အ ဖြစ် ဆီ ဥ ကို မီး ဖြင့် ပူ ဇော် ခြင်း ပြု သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၌​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း၍၊ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့​မီး​ရှို့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ယဇ်ပုရောဟိတ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အနီး ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ သွေး​ကို ဖျန်း​၍ အဆီ​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ရှို့​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 17:6
12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။-


သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-


ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။-


တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။


တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။ အ​ဆီ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ဆိုင်​၏။-


ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​၌ နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ကို​တင်​၍​နွား​ကို​သတ်​ရ​မည်။ အာ​ရုန်​၏​သား များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ပလ္လင်​၏​ဘေး​လေး​ဘက် စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။


တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-


ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ ဆိတ်​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သာ​မန် လူ​တစ်​ဦး​၏​အ​ပြစ်​အ​တွက်​ယဇ်​ပူ​ဇော် သဖြင့်​ထို​သူ​အ​ပြစ်​လွတ်​လိမ့်​မည်။


သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ