Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 17:5 - Common Language Bible

5 ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သို့ မှ ဣ သ ရေ လ အ မျိုး သား တို့ သည် လွင် ပြင် တွင် ပူ ဇော် လေ့ ရှိ သော ယဇ် များ ကို ပ ရော ဟိတ် ရှိ ရာ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး၊ ထာ ဝ ရ ဘု ရား ထံ တင် သွင်း လျက် ထာ ဝ ရ ဘု ရား အား မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ အ ဖြစ် ဖြင့် ပူ ဇော် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ပူ​ဇော်​သော​ယဇ်​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​စေ​ခြင်း​ငှာ ထို​သို့​စီ​ရင်​ရ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဤသည်ကား အစ္စရေး​အမျိုးသား​တို့​သည် ကွင်းပြင်​၌ သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​ခဲ့​၍ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ပူဇော်​ကြ​ရန်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 17:5
20 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​မန် ကျည်း​တစ်​ပင်​ကို​စိုက်​၍​အ​စဉ်​အ​မြဲ​တည် တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ဝတ်​ပြု ကိုး​ကွယ်​လေ​၏။-


ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-


ထို​အ​ခါ​ဘု​ရား​သ​ခင်​က``သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။


သူ​သည်​တိရစ္ဆာန်​တစ်​ကောင်​ကို​သတ်​၍​တောင် ပေါ်​တွင်​ယဇ်​ပူ​ဇော်​ပြီး​လျှင်​သူ​၏​သား​ချင်း တို့​ကို​ဖိတ်​ခေါ်​လျက်​စား​ကြ​၏။ ထို​သို့​စား သောက်​ကြ​ပြီး​နောက်​သူ​တို့​သည်​တောင်​ပေါ် တွင်​ည​အိပ်​ကြ​၏။-


သူ​တို့​သည်​ဘု​ရား​အ​တု​အ​ယောင်​များ​အား ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​များ​ကို​တည်​ဆောက် ကြ​၏။ တောင်​ထိပ်​များ​နှင့်​အ​ရိပ်​ကောင်း​သည့် သစ်​ပင်​အောက်​တို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​တံ​ခွန်​တိုင် များ​ကို​စိုက်​ထူ​ကြ​၏။-


ထာ​ဝရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​မ​ဆောက် ရ​သေး​သ​ဖြင့် လူ​တို့​သည်​ယဇ်​ပလ္လင်​အ​နှံ့ အ​ပြား​တို့​တွင်​ယဇ်​ပူ​ဇော်​လျက်​ရှိ​နေ​ကြ သေး​၏။-


ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။


ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ဖြစ်​သော​တောင် ကုန်း​များ​နှင့် အ​ရိပ်​ကောင်း​သည့်​သစ်​ပင်​အောက် တို့​တွင်​အာ​ခတ်​သည်​ယဇ်​များ​ကို​ပူ​ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။


တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-


ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​၌​လည်း​ကောင်း၊ တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​အောက်​၌ လည်း​ကောင်း​အာ​ခတ်​သည်​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။


ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ ငယ်​တို့​ကို​ခိုင်း​စေ​သ​ဖြင့်၊ သူ​တို့​သည်​နွား​များ ကို​သတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​သော ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​လေ​၏။-


ငါ​သည်​သူ​တို့​အား​ကျိန်​ဆို​က​တိ​ပြု​ထား သည့်​ပြည်​သို့​ခေါ်​ဆောင်​၍​သွား​၏။ သူ​တို့​သည် မြင့်​သော​တောင်​ကုန်း​များ​နှင့်​စိမ်း​လန်း​သော သစ်​ပင်​တို့​ကို​မြင်​သော​အ​ခါ ထို​အ​ရပ်​တို့ တွင်​ယဇ်​ပူ​ဇော်​ကြ​ကုန်​၏။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​နှင့်​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ ကို​ဆက်​ကပ်​ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ တို့​သည်​ငါ​၏​အ​မျက်​တော်​ကို​နှိုး​ဆော် ကြ​သည်။-


သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-


သီ​တင်း​တစ်​ပတ်​ကုန်​ဆုံး​သွား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​တို့​အ​တွက်​မီး​ရှို့ ပူ​ဇော်​ရာ​ယဇ်​များ၊ မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စ​တင်​ပူ​ဇော်​ရ​ကြ မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အ​ပေါင်း​ကို နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည် သွေး​ကို​တဲ​တော်​တံ​ခါး​ဝ ရှိ​ယဇ်​ပလ္လင်​လေး​ဘက်​တွင် ပက်​ဖျန်း​ရ​မည်။ ထို နောက်​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့​ကို​ထွက် ပေါ်​စေ​မည်။-


သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ