Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 16:15 - Common Language Bible

15 ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို နောက် လူ ပ ရိ သတ် ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ ဆိတ် ကို စီ ရင်၍ အ သွေး ကို ကန့် လန့် ကာ အ တွင်း သို့ ဆောင် ယူ ပြီး လျှင် နွား သွေး ဖြင့် ဖျန်း သည့် နည်း တူ ဆိတ် သွေး ဖြင့် လည်း အ ပြစ် ဖြေ ရာ ပ လ္လင် တော် ပေါ် တွင် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့နောက် လူ​တို့​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​ကို​သတ်​၍ ၎င်း​၏​သွေး​ကို ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ယူဆောင်​လာ​ရ​မည်​။ နွားထီး​၏​သွေး​ကို​ဖျန်း​သကဲ့သို့ ဆိတ်ထီးကလေး​၏​သွေး​ကို​လည်း ကရုဏာ​တော်​ပလ္လင်​ပေါ်၌​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင်​ရှေ့​၌​လည်းကောင်း ဖျန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 16:15
15 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း သာ​လျှင် အ​တွင်း​တဲ​တော်​သို့​ဝင်​ရ​ပေ​သည်။ သူ သည်​ယင်း​သို့​ဝင်​ရ​သည်​မှာ​လည်း​တစ်​နှစ်​လျှင် တစ်​ကြိမ်​သာ​ဖြစ်​ပြီး​မိ​မိ​၏​အ​တွက်​သော် လည်း​ကောင်း၊ လူ​တို့​မ​သိ​ဘဲ​ကူး​လွန်​မိ​သည့် အ​ပြစ်​များ​အ​တွက်​သော်​လည်း​ကောင်း ပူ​ဇော် ရန်​သွေး​ကို​ယူ​ဆောင်​၍​ဝင်​ရ​လေ​သည်။-


ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။-


ဒု​တိ​ယ​ကန့်​လန့်​ကာ​နောက်​၌​အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။-


ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-


ထို​မျှော်​လင့်​ချက်​သည်​ငါ​တို့​ဘ​ဝ​အ​တွက် ချ​ထား​သည့်​လုံ​ခြုံ​ခိုင်​ခန့်​သော​ကျောက်​ဆူး အ​ဖြစ် ကောင်း​ကင်​ဗိ​မာန်​တော်​ကန့်​လန့်​ကာ ကို​ထိုး​ဖောက်​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ​သည်။-


သူ​ကိုယ်​တိုင်​အား​နည်း​ချက်​ရှိ​သော​ကြောင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လူ​တို့​၏​အ​တွက် သာ​မ​က မိ​မိ​၏​အ​တွက်​လည်း​ဆက်​သ ရ​ပေ​သည်။-


``သင်​၏​အစ်​ကို​အာ​ရုန်​သည် ကန့်​လန့်​ကာ အ​တွင်း​ရှိ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ သတ်​မှတ်​သည့်​အ​ချိန်​၌​သာ​ဝင်​ရ​မည် ဖြစ်​ကြောင်း​ပြော​ကြား​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ငါ​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှိ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​မိုး တိမ်​၌​ထင်​ရှား​တော်​မူ​မည်​ဖြစ်​သည်။ သူ သည်​ဤ​ပ​ညတ်​ကို​မ​နာ​ခံ​လျှင်​သေ​ရ လိမ့်​မည်။-


ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-


ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊-


ထို​နောက်​သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​တွက် ပူ​ဇော်​သော​နွား​ကို​တပ်​စ​ခန်း​အ​ပြင်​တွင် မီး​ရှို့​သည့်​နည်း​တူ ဤ​နွား​ကို​လည်း​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​ရ​မည်။ ထို​ယဇ်​ပူ​ဇော်​နည်း သည်​တစ်​မျိုး​လုံး​၏​အပြစ်​ပြေ​စေ​ရန်​အ​တွက် ဖြစ်​သ​တည်း။


ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​၏​သွေး​အ​နည်း ငယ်​ကို​တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ရ​မည်။-


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။


နေ့​စဉ်​ဆက်​သ​ရ​သော​မီး​ရှို့​ရာ​ယဇ်​နှင့်​တ​ကွ စ​ပျစ်​ရည်​သကာ​အ​ပြင်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော် ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ