ဝတ်ပြု 15:13 - Common Language Bible13 ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ရိ ယို သူ သည် အ နာ ပျောက် သော် သန့် စေ ခြင်း အ တွက် ခု နစ် ရက် စေ့ မှ အ ဝတ် လျှော် ခြင်း၊ စမ်း ရေ ချိုး ခြင်း ပြု၍ သန့် ရာ ရောက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကိုလျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အရိအရွဲထွက်သူသည် ရိနာမှ စင်ကြယ်သောအခါ သူသည် မိမိ၏သန့်စင်ခြင်းအတွက် မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ခုနစ်ရက်စေ့လျှင် မိမိအဝတ်ကိုလျှော်၍ စမ်းရေဖြင့် ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-