Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 7:8 - Common Language Bible

8 အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​အ​ထက်​အ​ရာ​ရှိ​အောက် တွင်​အ​မှု​ထမ်း​သူ​ဖြစ်​၍ အ​ကျွန်ုပ်​၏​လက်​အောက် တွင်​လည်း​စစ်​သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ် ယောက်​အား `သွား​လော့' ဟု​ဆို​လျှင်​သူ​သည်​သွား ပါ​၏။ အ​ခြား​တစ်​ယောက်​အား `လာ​ခဲ့' ဟု​ဆို​လျှင် လာ​ပါ​၏။ အ​ကျွန်ုပ်​၏​ကျွန်​အား `ဤ​အ​မှု​ကို​ပြု လော့' ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု​လျှောက် ထား​စေ​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင်​အံ့​သြ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ သို့ ဆို သော် အ ကျွန်ုပ် သည် အာ ဏာ အောက် မြဲ ရ သူ ဖြစ် သော် လည်း လက် အောက် ရှိ စစ် သည် တို့ အ နက် တစ် ယောက် ကို သွား ဆို သော် သွား ပါ သည်။ တစ် ယောက် ကို လာ ဆို သော် လာ ပါ သည်။ ကျွန် ကို လည်း ဤ အ မှု ကို ဆောင် ဆို သော် ဆောင် ပါ သည် ဟု လျှောက် စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်​အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 အကျွန်ုပ်​သည် အမိန့်အာဏာ​အောက်​တွင် ရှိသူ​ဖြစ်ပြီး အကျွန်ုပ်​၏​လက်အောက်​တွင်လည်း စစ်သားများ​ရှိပါ၏။ အကျွန်ုပ်​သည် တစ်ဦး​အား ‘သွားလော့’ ဟု ပြော​လျှင် သူ​သည်​သွားရ၏။ အခြား​တစ်ဦး​အား ‘လာလော့’ ဟု ပြော​လျှင် သူ​သည်​လာရ၏။ အကျွန်ုပ်​၏​အစေခံ​အား ‘ဤ​အရာ​ကို လုပ်ဆောင်လော့’ ဟု ပြော​လျှင် သူ​သည် လုပ်ဆောင်ရပါ၏” ဟု လျှောက်စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:8
12 ပူးပေါင်းရင်းမြစ်များ  

အ​မိန့်​တော်​ကို​သာ​ပေး​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ် ၏​အ​စေ​ခံ​သည်​ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-


ကိုယ်​တော်​သည်​နောက်​တော်​က​လိုက်​လာ​ကြ သော လူ​ပ​ရိ​သတ်​တို့​ကို​လှည့်​ကြည့်​တော်​မူ လျက် ``ငါ​ဆို​သည်​ကား​ဤ​ကဲ့​သို့​သော​ယုံ​ကြည် ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​မှာ ပင် ငါ​မ​တွေ့​မ​ကြုံ​ဖူး​သေး'' ဟု​မိန့်​တော်​မူ​၏။


ပေါ​လု​သည်​တပ်​ခွဲ​မှူး​တစ်​ယောက်​ကို​ခေါ် ၍ ``ဤ​လူ​ငယ်​ကို​တပ်​မှူး​ထံ​သို့​ခေါ်​ဆောင် သွား​ပါ။ တပ်​မှူး​အား​လျှောက်​ထား​ရန်​ကိစ္စ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ပြော​၏။-


ထို​နောက်​တပ်​မှူး​သည်​တပ်​ခွဲ​မှူး​နှစ်​ယောက်​ကို ခေါ်​၍ ``ယ​နေ့​ည​ကိုး​နာ​ရီ​အ​ချိန်​၌​ကဲ​သ​ရိ မြို့​သို့​သွား​ရန်​စစ်​သား​နှစ်​ရာ၊ မြင်း​တပ်​သား ခု​နစ်​ဆယ်​နှင့်​လှံ​တပ်​သား​နှစ်​ရာ​တို့​ကို​ယ​နေ့ ည​ကိုး​နာ​ရီ​၌​ထွက်​ခွာ​ရန်​အ​သင့်​ရှိ​စေ​ကြ လော့။-


ထို​စာ​တွင် ``က​လော​ဒိ​လု​သိ​ထံ​မှ​အ​ရှင် ဖေ​လဇ်​မင်း​ထံ​သို့​ရို​သေ​စွာ​အ​စီ​ရင်​ခံ​အပ် ပါ​သည်။-


စစ်​သား​တို့​သည်​တပ်​မှူး​၏​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​ပေါ​လု​ကို​ခေါ် ၍​ထို​ည​၌​ပင်​အန္တိ​ပ​တ​ရိ​မြို့​အ​ထိ​ပို့ ဆောင်​ကြ​၏။-


ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။


သူ​နှင့်​ပတ်​သက်​၍​ဘု​ရင်​ဧ​က​ရာဇ်​မင်း အား တိ​တိ​ကျ​ကျ​သံ​တော်​ဦး​တင်​စ​ရာ အ​ကြောင်း​တစ်​ခု​မျှ​ကျွန်ုပ်​မှာ​မ​ရှိ​ပါ။ ထို့ ကြောင့်​ထို​သူ​အား​သင်​တို့​၏​ရှေ့​သို့​ခေါ် ဆောင်​လာ​ခြင်း​ဖြစ်​ပါ​၏။ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး​ရှေ့​တော်​သို့​ခေါ်​ဆောင် လာ​ပါ​၏။ ဤ​သို့​ခေါ်​ဆောင်​လာ​ခြင်း​မှာ သူ့​အား​မင်း​ကြီး​စစ်​ဆေး​မေး​မြန်း​ပြီး သော​အ​ခါ ကျွန်ုပ်​အ​စီ​ရင်​ခံ​စာ​ရေး​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ​နိုင်​မည် ပင်​ဖြစ်​ပါ​သည်။-


ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ