လုကာ 7:7 - Common Language Bible7 အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible7 အ ထံ တော် သို့ ကိုယ် တိုင် မ ရောက် ထိုက် ကြောင်း အောက် မေ့ ပါ၏။ အ မိန့် တော် နှင့် သာ ထို လု လင် ကို ချမ်း သာ စေ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible7 ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထို့ကြောင့် အကျွန်ုပ်ကိုယ်တိုင်သည်လည်း ကိုယ်တော်ထံသို့မလာထိုက်ပါဟုမှတ်ယူပါသည်။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 အကျွန်ုပ်သည်လည်း ကိုယ်တော်ထံသို့ လာထိုက်သောသူမဟုတ်ကြောင်းကိုလည်း ယူဆမိပါ၏။ သို့သော်လည်း စကားတော်တစ်ခွန်းမိန့်တော်မူလျှင် အကျွန်ုပ်၏အစေခံသည် ကျန်းမာပါလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ7 ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။