လုကာ 6:7 - Common Language Bible7 ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ကျမ်း တတ် ဆ ရာ တို့ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ကို အ ပြစ် စွဲ ဆို ခွင့် ရ လို၍ ဥ ပုသ် နေ့ တွင် ကျန်း မာ စေ တော် မူ မည်၊ မ မူ မည် ကို စောင့် ကြည့် လျက် နေ ကြ သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible7 ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်၊ မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ကိုယ်တော်ကို ပြစ်တင်စွပ်စွဲမည့်အခွင့် ရှာလိုသဖြင့် ကိုယ်တော်သည် ဥပုသ်နေ့တွင် အဆိုပါလူနာအားကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ7 ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။