Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 6:41 - Common Language Bible

41 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​မျက်​စိ​၌​ရှိ သော​သစ်​တုံး​ကြီး​ကို​မ​မြင်​ဘဲ ညီ​အစ်​ကို မျက်​စိ​၌​ရှိ​သော​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို မ ကြည့် ဘဲ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို အ ဘယ် ကြောင့် မြင် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ၊ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 သင်​သည် သင့်​မျက်စိ​ထဲက သစ်တုံး​ကို မမြင်ဘဲ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို အဘယ်ကြောင့် မြင်သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

41 ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ၊ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:41
18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။-


သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။-


သို့​ဖြစ်​၍​မိတ်​ဆွေ၊ သင်​သည်​သူ​တစ်​ပါး​အား အ​ပြစ်​စီ​ရင်​ပါ​သ​လော။ သင်​သည်​မည်​သူ​ဖြစ် စေ​ကာ​မူ​သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​နိုင် သော​အ​ခြေ​အ​နေ​တွင်​မ​ရှိ။ သင်​သည်​သူ​တစ် ပါး​ကဲ့​သို့​အ​ပြစ်​ကူး​လွန်​သူ​ဖြစ်​လျက် နှင့် သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​လျှင်​မိ​မိ ကိုယ်​တိုင်​အား​လည်း​အ​ပြစ်​စီ​ရင်​ရာ​ရောက် ၏။-


``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''


သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။-


မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လှ​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ထာ​ဝ​ရ​ဘု​ရား တွေ့​ရှိ​တော်​မူ​လိမ့်​မည်​မ​ဟုတ်၊ မိ​မိ​အား​အ​ပြစ်​ဒဏ်​လည်း​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟု​ထင်​မှတ်​တတ်​၏။


ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။


ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-


``သူ​တစ်​ပါး​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့ မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​စစ်​ကြော စီ​ရင်​တော်​မူ​မည်​မ​ဟုတ်။-


တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ သို့​ရာ​တွင်​ပ​ညာ သင်​ပြီး​ဆုံး​သော​အ​ခါ​တ​ပည့်​သည်​ဆ​ရာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။''


အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား`သင်​၏​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော ဘိ​သ​နည်း။ အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ ၌​ရှိ​သော​သစ်​တုံး​ကြီး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင်​သည်​သင့်​ညီ​အစ်​ကို​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ကောင်း​စွာ​မြင်​၍​ထုတ်​ယူ နိုင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပြီး​နောက် ထို​ငါး​ကို​လည်း​လူ​တို့​အား ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​စေ​ခိုင်း​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ