လုကာ 17:3 - Common Language Bible3 သို့ဖြစ်၍သတိထားလျက်ပြုမူကြလော့။ ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင် သူအားဆုံးမလော့။ သူသည်နောင်တရလျှင် အပြစ်ဖြေလွှတ်လော့။- အခန်းကိုကြည့်ပါ။Garrad Bible3 ကိုယ် ကို သ တိ မူ ကြ လော့။ ညီ အစ် ကို ချင်း သည် သင့် ကို ပြစ် မှား မိ လျှင် ဆုံး မ လော့။ နောင် တ ရ လျှင် ဖြေ လွှတ် လော့။ အခန်းကိုကြည့်ပါ။Judson Bible3 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့သည် မိမိတို့ကိုယ်ကိုသတိထားကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည်နောင်တရလျှင် သူ့ကိုခွင့်လွှတ်လော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 သင်တို့သည် သတိရှိကြလော့။ အကယ်၍ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် ဆုံးမလော့။ နောင်တရလျှင် ခွင့်လွှတ်လော့။ အခန်းကိုကြည့်ပါ။မြန်မာ3 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။- အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။
``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-