လုကာ 11:49 - Common Language Bible49 သို့ဖြစ်ခြင်းကြောင့်ဘုရားသခင်သည်ရွှေ ဉာဏ်တော်ဖြင့်`ဤလူများထဲသို့ပရောဖက် များ၊ စေတမန်များကိုငါစေလွှတ်မည်။ ထို ပရောဖက်များ၊ စေတမန်များအနက်အချို့ ကိုသူတို့ညှဉ်းဆဲ၍အချို့ကိုသတ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible49 အ ချို့ တို့ ကို သတ် ဖြတ် ခြင်း၊ အ ချို့ တို့ ကို ညှဉ်း ပန်း ခြင်း များ ကို သင် တို့ ပြု အံ့ သော ပ ရော ဖက် များ၊ တ မန် များ ကို ငါ စေ လွှတ် မည် ဟု ဘု ရား သ ခင်၏ ဉာဏ် တော် မိန့် မြွက် သည့် အ ကြောင်း မှာ၊ အခန်းကိုကြည့်ပါ။Judson Bible49 ထိုကြောင့်၊ ဘုရားသခင်၏ ဉာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း49 သို့ဖြစ်၍ ဘုရားသခင်၏ဉာဏ်ပညာတော်က ‘ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ ငါစေလွှတ်မည်။ ထိုအခါ သူတို့သည် ထိုသူတို့ထဲမှ အချို့တို့ကိုညှဉ်းဆဲ၍ သတ်ကြလိမ့်မည်’ဟု မြွက်ဆိုထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း49 သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ49 ထိုကြောင့်၊ ဘုရားသခင်၏ ဉာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-