Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 10:28 - Common Language Bible

28 ကိုယ်​တော်​က ``သင်​၏​အ​ဖြေ​သည်​မှန်​ပေ​၏။ ဤ အ​တိုင်း​ပြု​လျှင်​သင်​သည်​ထာ​ဝ​ရ​အ​သက်​ကို ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ကိုယ် တော် က သင် သည် မှန် ကန် စွာ ဖြေ ဆို လေ ပြီ၊။ ထို အ တိုင်း ပြု လျှင် အ သက် ကို ရ လိမ့် မည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ကိုယ်တော်​က​လည်း“မှန်​ပေ​၏။ ထို​အတိုင်း​ပြု​လော့။ သို့ပြုလျှင် အသက်ရှင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ယေရှု​ကလည်း “သင်​ပြောသည့်​အတိုင်း မှန်ပါ၏။ ထိုသို့​ပြု​လျှင် သင်​သည် အသက်​ကို ရ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 10:28
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။


ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား၊ အသေခံရ၏။


ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-


သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-


``သို့​ရာ​တွင်​ထို​လူ​မျိုး​ဆက်​သည်​လည်း​ငါ့​ကို အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင်​ခွင့်​ရ​မည်​ဖြစ် သော်​လည်း သူ​တို့​သည်​ငါ​၏​ပ​ညတ်​တော်​တို့ ကို​ချိုး​ဖောက်​၍​ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ် ပယ်​ကြ​၏။ ဥ​ပုသ်​နေ့​ကို​လည်း​အ​လျှင်း​မ ရို​သေ။ သူ​တို့​အား​တော​ကန္တာ​ရ​တွင်​သေ​စေ ရန် ငါ​သည်​မိ​မိ​၏​အ​မျက်​တော်​ကို​သူ​တို့ အ​ပေါ်​သို့​သွန်း​လောင်း​၍ အ​မျက်​တော်​ဒဏ် ကို​ခံ​စေ​မည်​ဟု​အ​ကြံ​ရှိ​ခဲ့​သော်​လည်း၊-


ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​လျှောက်​လော့။ သို့​ပြု​လျှင်​သင်​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရားဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။


ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။


ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။


ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။


ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-


ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-


သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။


ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ