ရှောလမုန်သီချင်း။ 5:7 - Common Language Bible7 အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 မြို့ ကို လှည့် ပတ် သော ကင်း သ မား တို့ နှင့် တွေ့ လျှင်၊ ကျွန် မ ကို နာ ကျင် စွာ ရိုက် နှက် ကြ သည့် ပြင်၊ မြို့ ရိုး စောင့် တို့ လည်း ခြုံ ပ ဝါ ကို လု ယူ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible7 မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကိုတွေ့သော်၊ နာကျင်စွာ ရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 မြို့လှည့်ကင်းစောင့်သောသူတို့သည် အကျွန်ုပ်ကိုတွေ့သောအခါ ရိုက်နှက်ကြသဖြင့် အကျွန်ုပ်ဒဏ်ရာရပါ၏။ မြို့ရိုးအစောင့်တို့သည်လည်း အကျွန်ုပ်ခြုံပဝါကို လုယူကြပါ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ သူတို့သည်ထာဝရဘုရားအား မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
သူတော်ကောင်းသည်ကျွန်တော်မျိုးအား သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။