ရှင်ယောဟန် 21:19 - Common Language Bible19 (ဤသို့မိန့်တော်မူရာ၌ပေတရုသည်အဘယ် သို့သောသေခြင်းမျိုးဖြင့်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုထွန်းတောက်စေမည့် အကြောင်းဖော်ပြတော်မူခြင်းဖြစ်၏။) ဤ သို့မြွက်ဆိုတော်မူပြီးနောက်ပေတရုအား ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 မည်သို့သောသေခြင်းဖြင့် ဘုရားသခင့်ဘုန်းတော်ကိုပေတရုထင်ရှားစေမည့်အကြောင်းဖော်ပြ၍ ထိုသို့မိန့်တော်မူပြီးမှပေတရုအား ငါ့နောက်လိုက်လော့ဟု မိန့်တော်မူပြန်၏။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ဤသို့မိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သောသေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ဤအရာကိုမိန့်တော်မူပြီးနောက်“ငါ့နောက်သို့လိုက်လော့”ဟု ပေတရုအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ဤသို့ ယေရှုမိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သော သေခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အရိပ်အမြွက်ကို ဖော်ပြတော်မူခြင်းဖြစ်၏။ ထိုသို့မိန့်တော်မူပြီးနောက် ယေရှုက “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ19 ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။ အခန်းကိုကြည့်ပါ။ |
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။