Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 18:10 - Common Language Bible

10 ရှိ​မုန်​ပေ​တ​ရု​မှာ​ဋ္ဌား​တစ်​လက်​ပါ​လာ​၏။ သူ သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​၏ ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​ကျွန်​လက် ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​ကျွန်​၏​နာ​မည် ကား​မာ​လ​ခု​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထိုအခါရှိမုန်ပေတရုသည် ပါသောဓားကိုချွတ်ပြီးလျှင် ပရောဟိတ်မင်း၏ကျွန် မာလခုအမည်ရှိသူကို ခုတ်၍ လကျ်ာနားရွက်ပြတ်သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​သည် မိ​မိ၌​ပါ​သော​ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။ ထို​ကျွန်၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထိုအခါ ရှိမုန်​ပေတရု​သည် ဓား​ကို ဆွဲထုတ်​၍ ယဇ်ပုရောဟိတ်မင်း​၏ အစေခံ​တစ်ဦး​ကို ခုတ်​သဖြင့် ထို​သူ​၏​လက်ယာ​နားရွက် ပြတ်လေ၏။ ထို​အစေခံ​၏ အမည်​မှာ မာလခု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

10 ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​သည် မိ​မိ၌​ပါ​သော​ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။ ထို​ကျွန်၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 18:10
6 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။


ထို​အ​ခါ​အ​နီး​တွင်​ရပ်​နေ​သူ​လူ​တစ်​ဦး​သည် ဋ္ဌား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန် တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ​နား​ရွက် ပြတ်​လေ​၏။-


ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ထောင်​ထဲ​သို့ လည်း​ကောင်း၊ သေ​ရွာ​သို့​လည်း​ကောင်း​ကိုယ်​တော် ရှင်​နှင့်​အ​တူ​လိုက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု လျှောက်​၏။


ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဋ္ဌား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ