ရှင်ယောဟန် 15:18 - Common Language Bible18 ``လောကသားတို့သည်သင်တို့ကိုမုန်းတီးကြ လျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သတိရကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible18 သင်တို့ကိုဤလောကသားတို့ မုန်းကြလျှင် သင်တို့အရင်ငါ့ကိုမုန်းကြောင်း သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။Judson Bible18 လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 လောကီသားတို့သည် သင်တို့ကို မုန်းလျှင် သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ18 လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။- အခန်းကိုကြည့်ပါ။ |
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-