Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 4:28 - Common Language Bible

28 မြေ​ကြီး​သည်​အ​လို​အ​လျောက်​ကောက်​စ​ပါး ကို​ဖြစ်​စေ​၏။ ဦး​စွာ​ကောက်​ညွန့်​ကို​ထွက်​စေ​၏။ ထို​နောက်​ကောက်​နှံ​ကို​ဖြစ်​စေ​၏။ ထို​နောက်​ကောက် ဆန်​ကို​အောင်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 မြေ​ကြီး​သည် မိ​မိ​အ​လို​အ​လျောက် အ​သီး​ကို​သီး​စေ၍ ရှေ့​ဦး​စွာ အ​ညှောက်၊ ထို​နောက်​အ​နှံ၊ ထို​နောက် အ​နှံ​ထဲ​မှာ အောင်​မာ​သော​အ​ဆန်​ကို ဖြစ်​စေ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 မြေကြီး​သည် အလိုအလျောက်​အသီး​သီး​စေ​လျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံ​ထဲတွင် အောင်​သော​အဆန်​ကို​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 မြေ​သည် အလိုအလျောက် အသီး​သီးစေ၏။ ဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ တစ်ဖန် ထို​အနှံ​ထဲမှ အောင်သော​အဆန်​ကို ဖြစ်စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 မြေ​ကြီး​သည် မိ​မိ​အ​လို​အ​လျောက် အ​သီး​ကို​သီး​စေ၍ ရှေ့​ဦး​စွာ အ​ညှောက်၊ ထို​နောက်​အ​နှံ၊ ထို​နောက် အ​နှံ​ထဲ​မှာ အောင်​မာ​သော​အ​ဆန်​ကို ဖြစ်​စေ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 4:28
19 ပူးပေါင်းရင်းမြစ်များ  

ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။


ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။


ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။


ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။


ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။


မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။


ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း ရန်​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။ နံ​နက် အ​ရုဏ်​တက်​မြဲ​တက်​သ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရာ​သီ​တွင်​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​မြဲ ရွာ​သ​ကဲ့​သို့​လည်း​ကောင်း ကိုယ်​တော်​သည် ငါ​တို့​ထံ​သို့​မု​ချ​ကြွ​လာ​တော်​မူ​မည်'' ဟု​ဆို​ကြ​၏။


ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။-


သူ​သည်​မြေ​တွင်​မျိုး​ကို​ကြဲ​ပြီး​နောက် နေ့​ည အ​လိုက်​အိပ်​စက်​တုံ​နိုး​ထ​တုံ​ပြု​၏။ ထို​အ​ခိုက် မျိုး​စေ့​သည်​အ​စို့​ထိုး​၍​အ​ပင်​ပေါက်​၏။ မည် သို့​အ​စို့​ထိုး၊ အ​ပင်​ပေါက်​သည်​ကို​သူ​မ​သိ။-


ကောက်​သီး​များ​မှည့်​သော​အ​ခါ​ကောက်​ရိတ်​ချိန်​ကျ ပြီ​ဖြစ်​၍ ထို​သူ​သည်​ချက်​ချင်း​ပင်​ကောက်​ရိတ်​စ ပြု​၏'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။-


သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ