ရှင်မာကု 13:2 - Common Language Bible2 သခင်ယေရှုက ``ဤအဆောက်အအုံကြီးများ ကို ယခုသင်မြင်သည်မဟုတ်လော။ ယင်းအဆောက် အအုံများမှကျောက်တုံးအားလုံးပင်ပြိုကျ ရလိမ့်မည်။ ကျောက်တစ်တုံးမျှမူလနေရာတွင် ကျန်ရစ်လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ယေ ရှု က ဤ အ ဆောင် ကြီး များ ကို မြင် သ လော၊ မ ဖြို မ ချ ဘဲ ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် တင် လျက် ကျန် ကြွင်း ရ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ယေရှုကလည်း“ဤကြီးမားသောအဆောက်အအုံများကို သင်မြင်သည်မဟုတ်လော။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု ထိုသူအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ယေရှုက “ဤအဆောက်အအုံများကို ယခု သင်မြင်ရ၏။ မဟုတ်လော။ ဤအဆောက်အအုံများသည် အကုန်အစင်ဖြိုဖျက်ခံရလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်နေလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ2 ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-