ရှင်မာကု 12:7 - Common Language Bible7 သို့ရာတွင်သူတို့က ``ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ သို့မှသာဥယျာဉ်ကိုငါတို့ ရရှိကြလိမ့်မည်'' ဟုအချင်းချင်းပြောလျက်၊- အခန်းကိုကြည့်ပါ။Garrad Bible7 ထို ဥ ယျာဉ် သ မား တို့ က ဤ သူ ကား အ မွေ ခံ ဖြစ် သည်။ လာ၍ သတ် ကြ ကုန် အံ့။ အ မွေ ကို ငါ တို့ အ ပိုင် ရ ကြ လိမ့် မည် ဟု တိုင် ပင် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible7 ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သို့သော် ခြံသမားတို့က ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ။ သူ့ကိုသတ်ကြစို့။ သို့ပြုလျှင် အမွေသည် ငါတို့ဥစ္စာဖြစ်လာလိမ့်မည်’ဟု အချင်းချင်းပြောဆိုကြလျက် အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သို့သော် စပျစ်ခြံလုပ်သားများက ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ7 ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊- အခန်းကိုကြည့်ပါ။ |
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။