| ရှင်မာကု 12:32 - Common Language Bible32 ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-အခန်းကိုကြည့်ပါ။ Garrad Bible32 ထို အ ခါ ကျမ်း တတ် ဆ ရာ က လျောက် ပတ် ပေ သည် ဆ ရာ၊ တစ် ဆူ တည်း ရှိ တော် မူ၍ ကိုယ် တော့် အ ပြင် အ ခြား မ ရှိ ဟု ဆို သည် မှာ ဟုတ် မှန် ပါ သည်။အခန်းကိုကြည့်ပါ။ Judson Bible32 ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။-အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း32 ထိုကျမ်းပြုဆရာကလည်း “မှန်ပါ၏ဆရာ။ ဘုရားသခင်သည် တစ်ဆူတည်းရှိ၍ ထိုဘုရားသခင်မှတစ်ပါး အခြားဘုရားမရှိဟု ဆရာပြောသည်မှာ ဟုတ်မှန်ပါ၏။အခန်းကိုကြည့်ပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း32 ကျမ်းတတ်ဆရာက “ဆရာတော်… ဆရာတော်၏ မိန့်တော်မူချက်မှာ မှန်ကန်သောစကား ဖြစ်ပါ၏။ ဘုရားသခင်တစ်ဆူတည်းမှတစ်ပါး အခြားသောဘုရားမရှိပါ။အခန်းကိုကြည့်ပါ။ မြန်မာ32 ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။-အခန်းကိုကြည့်ပါ။ | 
ထာဝရဘုရားသည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်ဘုရားသခင်ဖြစ်တော်မူ ပါသည်တကား။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုပြုပြင် ဖန်ဆင်းတော်မူ၍၊ခိုင်ခန့်တည်မြဲစေတော်မူ၏။ ယင်းကိုကိုယ်တော်သည်လူသူကင်းမဲ့ရာနေရာ အဖြစ်ဖြင့်ဖန်ဆင်းတော်မူသည်မဟုတ်။ လူတို့နေထိုင်ရာအရပ်အဖြစ်ဖြင့်ဖန်ဆင်း တော်မူပေသည်။ ကိုယ်တော်ကား``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။