ရှင်မာကု 12:17 - Common Language Bible17 သခင်ယေရှုက ``ဧကရာဇ်မင်းပိုင်သည့်အရာကို ဧကရာဇ်မင်းအားဆက်ကြလော့။ ဘုရားသခင်ပိုင် သည့်အရာကိုဘုရားသခင်အားဆက်ကြလော့'' ဟုထိုသူတို့အားမိန့်တော်မူလျှင်သူတို့သည် အံ့သြကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ယေ ရှု က ကဲ သာ မင်း ပိုင် ဆိုင် ရာ များ ကို ကဲ သာ မင်း အား လည်း ကောင်း၊ ဘု ရား သ ခင် ပိုင် ဆိုင် တော် မူ ရာ များ ကို ဘု ရား သ ခင် အား လည်း ကောင်း ဆက် ကြ လော့ ဟု မိန့် တော် မူ သော် ကိုယ် တော် ကို အ လွန် အံ့ သြ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ယေရှုကလည်း“ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူရာ သူတို့သည် ကိုယ်တော်ကိုအံ့သြကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ထိုအခါ ယေရှုက “သို့ဖြစ်လျှင် ဆီဇာဘုရင်နှင့်ဆိုင်သောအရာများကို ဆီဇာဘုရင်အား ပေးဆောင်ကြလော့။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အား ပေးဆောင်ကြလော့” ဟု ထိုသူတို့ကို မိန့်တော်မူလျှင် သူတို့သည် အံဩကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ17 ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-