ရောမ 6:7 - Common Language Bible7 ခရစ်တော်နှင့်အတူသေသောသူသည်အပြစ် တရား၏လက်အောက်ခံမဟုတ်တော့ပေ။- အခန်းကိုကြည့်ပါ။Judson Bible7 သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 အဘယ်ကြောင့်ဆိုသော် သေလွန်သောသူသည် အပြစ်၏လက်မှ လွတ်မြောက်ပြီဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 အကြောင်းမှာ ကိုယ်တော်နှင့်အတူ အသေခံသောသူသည် အပြစ်တရား၏ လက်မှ လွတ်မြောက်ပြီဖြစ်သောကြောင့်ပင်။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-
လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။