Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 3:30 - Common Language Bible

30 ဘု​ရား​သ​ခင်​သည်​တစ်​ဆူ​တည်း​ဖြစ်​တော်​မူ ၏။ ကိုယ်​တော်​သည်​ယုံ​ကြည်​ခြင်း​ကြောင့်​ယု​ဒ အ​မျိုး​သား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ ကို ယုံ ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ မ ခံ သူ တို့ ကို ယုံ ကြည် ခြင်း ကြောင့် လည်း ကောင်း၊ ဖြောင့် မတ် ရာ ရောက် စေ တော် မူ မည့် ဘု ရား သ ခင် သည် တစ် ဆူ တည်း ဖြစ် တော် မူ သည့် အလျောက် လူ မျိုး ခြား တို့ ဘု ရား လည်း ဟုတ် မှန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 အ​ကြောင်း​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​နှင့် မ​ခံ​သော​သူ​နှစ်​ဦး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ၌​တည်​စေ​တော်​မူ​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ယုံကြည်​ခြင်း​အားဖြင့် အရေဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ အရေဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​ဘုရားသခင်​သည် အမှန်ပင် တစ်ဆူတည်း​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 ဘုရားသခင် တစ်ဆူတည်း​သာ ရှိတော်မူ၏။ ဂျူးလူမျိုး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ ကိုယ်တော်​ကို ယုံကြည်သော​သူတို့​ကို ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 3:30
18 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။-


သို့​ရာ​တွင်​တစ်​ဦး​တည်း​သာ​ပါ​ဝင်​ဆောင်​ရွက် သော​အ​ခါ ကြား​ဝင်​စေ့​စပ်​သူ​ကို​မ​လို​တော့ ချေ။ ဘု​ရား​သ​ခင်​သည်​တစ်​ပါး​တည်း​ဖြစ် တော်​မူ​သ​တည်း။


အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-


လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။-


ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။


သို့​ဖြစ်​၍​ယုဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​လည်း ကောင်း၊ ယောကျာ်း​နှင့်​မိန်း​မ​ဟူ​၍​လည်း​ကောင်း ခွဲ​ခြား​မှု​မ​ရှိ​တော့​ပြီ။ သင်​တို့​အ​ပေါင်း​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​၏။-


ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင်​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြောင်း၊ ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​ခြင်း​အား​ဖြင့် မ​ရ​ရှိ​နိုင်​ကြောင်း​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ ဖြစ်​သည်။-


``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဤ​အ​ချက် ကို​မ​မေ့​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် ငါ​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏။-


အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-


သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။-


လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-


ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-''


သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-


ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ