ရောမ 13:2 - Common Language Bible2 မည်သူမဆိုအာဏာရအစိုးရမင်းကို ဆန့်ကျင်ဘက်ပြုသူသည် ဘုရားသခင်စီမံ ခန့်ခွဲတော်မူချက်ကိုဆန့်ကျင်ဘက်ပြုသူ ဖြစ်၏။ ထိုသူသည်အပြစ်စီရင်ခြင်းကို ခံရမည်။- အခန်းကိုကြည့်ပါ။Garrad Bible2 သို့ ဖြစ်၍ အ စိုး ရ ကို ခု ခံ သူ သည် ဘု ရား သ ခင် ထုတ် ဆင့် တော် မူ ချက် ကို ခု ခံ ရာ ရောက်၏။ ထို သို့ ခု ခံ သူ တို့ သည် အ ပြစ် စီ ရင် ခံ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထို့ကြောင့် အာဏာပိုင်ကိုဆန့်ကျင်သောသူသည် ဘုရားသခင်၏ပြဋ္ဌာန်းတော်မူချက်ကို ဆန့်ကျင်ရာရောက်၏။ ထိုသို့ဆန့်ကျင်သောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ကိုယ်တိုင်ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထို့ကြောင့် အစိုးရအာဏာကို ဆန့်ကျင်သောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲတော်မူခြင်းကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုသူတို့သည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။