ရောမ 11:16 - Common Language Bible16 မိမိ၌ရှိသောမုန့်ညက်မှအနည်းငယ်ကို ယူ၍ဘုရားသခင်အားဦးစွာဆက်ကပ်လျှင် မုန့်ညက်အားလုံးကိုပင်လျှင်ဆက်ကပ်ရာ ရောက်၏။ သစ်ပင်၏အမြစ်ကိုဘုရားသခင် အားဆက်ကပ်လျှင်အကိုင်းအခက်များကို လည်းဆက်ကပ်ရာရောက်၏။- အခန်းကိုကြည့်ပါ။Garrad Bible16 မုန့် ဆန် ဦး သီး သန့် လျှင် တစ် ပုံ လုံး သီး သန့်၏။ အ မြစ် သီး သန့် လျှင် လည်း အ ကိုင်း အ ခက် များ သီး သန့်၏။ အခန်းကိုကြည့်ပါ။Judson Bible16 အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တစ်ပုံလုံး သန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အသီးဦးအဖြစ်ပူဇော်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည်လည်း သန့်ရှင်း၏။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 အဦးသီးအဖြစ် ပူဇော်သည့် အနည်းငယ်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည် သန့်ရှင်းလိမ့်မည်။ သစ်ပင်၏ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-