Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 10:10 - Common Language Bible

10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အ သို့ ဆို သော် နှ လုံး ဖြင့် ယုံ ကြည်၍ ဖြောင့် မတ် ရာ၊ နှုတ် ဖြင့် ဝန် ခံ၍ ကယ် တင် ရာ ရောက် ခွင့် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား လူ​သည် စိတ်နှလုံး​ဖြင့်​ယုံကြည်​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ပြီး နှုတ်​ဖြင့်​ဝန်ခံ​၍ ကယ်တင်​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အဘယ်ကြောင့်ဆိုသော် လူ​သည် စိတ်နှလုံး​ဖြင့် ယုံကြည်​၍ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရပြီး နှုတ်​ဖြင့် ဝန်ခံ​၍ ကယ်တင်ခြင်း​ခံရ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 10:10
13 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။-


သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-


သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။-


သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-


မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။


ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-


အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။-


သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။-


ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။-


(ဖိ​လိပ္ပု​က``သင်​သည်​သ​ခင်​ယေ​ရှု​အား​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​ယုံ​ကြည်​ပါ​လျှင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​နိုင်​ပါ​သည်'' ဟု​ပြန်​ပြော​၏။ အ​ရာ​ရှိ က​လည်း``သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ကြောင်း​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ သည်'' ဟု​ဆို​၏။)-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ