ရုသ 4:7 - Common Language Bible7 ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ဣ သ ရေ လ ရှေး ဟောင်း ထုံး စံ မှာ ရွေး ခြင်း အ မှု၊ လွှဲ ပြောင်း ခြင်း အ မှု ခိုင် ခံ့ စေ ခြင်း ငှါ၊ တစ် ဦး သည် တစ် ဦး သို့ ကိုယ် စီး နင်း သော ဖိ နပ် ကို ချွတ်၍ ပေး အပ် လေ့ ရှိ သည့် အ တိုင်း ပြု လျှင်၊ ဣ သ ရေ လူ မျိုး တွင် သက် သေ အ ဖြစ် တည် ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ဣသရေလ ရှေးထုံးစံဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကို မြဲမြံစေခြင်းငှာ တစ်ယောက်သောသူသည် မိမိခြေနင်းကိုချွတ်၍ တစ်ယောက်သောသူအား အပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် ရွေးနုတ်ခြင်းအမှု၊ လဲလှယ်ခြင်းအမှုတို့ကို အတည်ပြုရန် တစ်ဦးက အခြားတစ်ဦးအား မိမိ၏ဖိနပ်ကို ချွတ်ပေးရလေ့ရှိသည်မှာ အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးတမ်း ဖြစ်၏။ အခန်းကိုကြည့်ပါ။ |