Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရု​သ 1:17 - Common Language Bible

17 မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ရှင် မ သေ သော အ ရပ်၌ ကျွန် မ လည်း သေ၍ သင်္ဂြိုဟ် ခံ ပါ မည်။ သေ ခြင်း မှ တစ် ပါး အ ခြား အ ကြောင်း ကြောင့် အ ရှင် မ နှင့် ခွဲ ခွာ ခဲ့ လျှင်၊ ထာ ဝ ရ ဘု ရား သည် ကျွန် မ အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ပြန် ဆို သည့် အ လျောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အမေ​သေ​သည့်​နေရာ​တွင် အကျွန်ုပ်​လိုက်​သေ​၍ ထို​နေရာ​တွင်​ပင် အသင်္ဂြိုဟ်​ခံ​ပါ​မည်​။ သေ​ခြင်း​မှတစ်ပါး အခြား​အကြောင်း​ကြောင့် အမေ့​ကို အကျွန်ုပ်​ခွဲခွာ​သွား​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဒဏ်ခတ်​ပါစေ​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 1:17
18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။


ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။-


စား​တော်​ခေါ်​ရန်​ဒါ​ဝိဒ်​အား​လူ​တို့​တစ်​နေ့​လုံး တိုက်​တွန်း​ကြ​သော်​လည်း​မင်း​ကြီး​က``ငါ​သည် နေ​မ​ဝင်​မီ​စား​တော်​ခေါ်​ခဲ့​သော် ငါ့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော'' ဟု ကျိန်​ဆို​အဋ္ဌိ​ဋ္ဌာန်​ပြု​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-


ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။-


ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-


ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။-


``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။


မင်း​ကြီး​က``ယ​နေ့​နေ​မ​ဝင်​မီ​ဧ​လိ​ရှဲ​ဦး​ခေါင်း မ​ပြတ်​လျှင် ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ကျိန်​ဆို​တော်​မူ ပြီး​နောက်၊-


အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။ သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။


သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-


သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''


သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-


သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။-


ရှော​လု​က``ငါ​သည်​သင့်​အား​သေ​ဒဏ်​မ​ပေး ခဲ့​သော် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။


သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-


မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။''


ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ