ယေရမိ 8:1 - Common Language Bible1 ``ထိုအချိန်ကာလ၌လူတို့သည် ယုဒ ဘုရင်များနှင့်မှူးမတ်များ၊ ယဇ်ပုရောဟိတ် များ၊ ပရောဖက်များနှင့်အခြားယေရုရှလင် မြို့သားများ၏အရိုးတို့ကို သက်ဆိုင်ရာ သင်္ချိုင်းတွင်းများမှတူးဖော်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကာ လ၌ ပင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ယု ဒ ဘု ရင် တို့ အ ရိုး များ တို့ နှင့် တ ကွ မှူး မတ်၊ ပ ရော ဟိတ်၊ ပ ရော ဖက် တို့ မှ စ၍ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ရိုး များ ကို၊ သင်္ချိုင်း တွင်း က ထုတ် ဖော် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒရှင်ဘုရင်တို့၏အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏အရိုးများကို သင်္ချိုင်းတွင်းများအထဲက ထုတ်ပစ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားက “ထိုကာလ၌ ယုဒဘုရင်တို့၏အရိုးများ၊ အကြီးအကဲတို့၏အရိုးများ၊ ယဇ်ပုရောဟိတ်တို့၏အရိုးများ၊ ပရောဖက်တို့၏အရိုးများ၊ ဂျေရုဆလင်မြို့သားတို့၏အရိုးများကို သူတို့၏သင်္ချိုင်းတွင်းများထဲမှ ထုတ်ပစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူသည်လှည့်လည်၍ကြည့်သောအခါ တောင်ပေါ်တွင်သင်္ချိုင်းအချို့ကိုတွေ့မြင်သဖြင့် ထိုသင်္ချိုင်းများမှလူရိုးတို့ကိုထုတ်ယူကာ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့စေ၏။ ဤနည်းအားဖြင့် မင်းကြီးသည် ထိုယဇ်ပလ္လင်ကိုညစ်ညမ်းစေတော် မူသတည်း။ ဤသို့ဖြစ်ပျက်ရခြင်းမှာလွန် လေပြီးသောအခါက ယေရောဗောင်မင်းသည် မိမိကျင်းပသည့်ဘာသာရေးပွဲတော်အခါ ၌ယဇ်ပလ္လင်အနီးတွင်ရပ်လျက်နေစဉ် ပရော ဖက်တစ်ပါးဟောကြားခဲ့သည့်ဗျာဒိတ်တော် အတိုင်းပင်ဖြစ်ပေသည်။ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ပြန်ရာယင်းသို့ဟောကြား ခဲ့သည့်ပရောဖက်၏သင်္ချိုင်းကိုတွေ့မြင် လျှင်၊-
ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။