Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 7:11 - Common Language Bible

11 ငါ​၏​နာ​မ​ကို​ဆောင်​သော​ဗိ​မာန်​တော်​ကို ဋ္ဌား​ပြ​များ​ပုန်း​အောင်း​ရာ​အ​ရပ်​ဟု​သင် တို့​ထင်​မှတ်​သ​လော။ သင်​တို့​ပြု​သည့်​အ​မှု တို့​ကို​ငါ​မြင်​တော်​မူ​ပြီ​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 နာ မ တော် ဖြင့် သ မုတ် ခံ သော ဤ ဗိ မာန် သည်၊ ဓား ပြ အောင်း ရာ အ ရပ် ဖြစ် သည် ဟု ထင် ကြ သ လော။ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို အ ခြင်း အ ရာ များ ကို ငါ ကိုယ် တိုင် ရှု မြင် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်​ကို၊ သင်​တို့​သည် ဓား​ပြ​တွင်း​ကဲ့​သို့ ထင်​ကြ​သ​လော။ ဤ​အ​မှု​ကို ငါ့​ကိုယ်​တိုင်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​ကို ဓားပြ​ခိုအောင်းရာ​ဖြစ်​သည်​ဟု သင်​တို့​ထင်​ကြ​သလော​။ သင်​တို့​ပြု​သော​အမှု​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 7:11
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား ညောင်း​တော်​မူ​ပြီး​လျှင် ထို​သူ​တောင်း​လျှောက် သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လျှင် ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​နည်း​တူ ကိုယ်​တော်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို့​အ​ပြင်​ကိုယ်​တော် အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​သည့်​ဗိ​မာန်​တော် သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ ပါ​လိမ့်​မည်။''


သင်​တို့​ငါ့​ထံ​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​အ​ခါ ထို​အ​ရာ​များ​ကို​ယူ​ဆောင်​လာ​ရ​ကြ​မည်​ဟု​သင်​တို့​အား​အ​ဘယ်​သူ​စေ​ခိုင်း​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သင်​တို့​အား​ငါ​၏​ဗိ​မာန်​တော်​တွင် ဤ​သို့​ရှုပ်​ယှက်​ခတ်​သွား​လာ​စေ​ပါ​သ​နည်း။-


``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ဖောက်​ထွင်း​ခိုး​ယူ​မှု​အ​တွက်​သင်​တို့​ဖမ်း​မ​မိ သော်​လည်း ထို​ဆင်း​ရဲ​သား​များ၊ အ​ပြစ်​မဲ့​သူ များ​၏​သွေး​နှင့် သင်​တို့​၏​အ​ဝတ်​များ​သည် စွန်း​ကွက်​လျက်​ရှိ​၏။ ``သို့​ပါ​လျက်


ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''


ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။


သင်​တို့​သည်​ငါ​စက်​ဆုတ်​သည့်​အ​မှု​များ​ကို ပြု​ကျင့်​ကာ​ငါ​၏​ဗိ​မာန်​တော်​သို့​လာ​၍ ငါ့ ရှေ့​မှောက်​၌​ရပ်​ပြီး​လျှင်`ငါ​တို့​သည်​ဘေး ကင်း​ကြ​ပြီ၊ ဤ​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​ရာ​တို့​ကို​လုပ်​နိုင်​ကြ​ပြီ' ဟု​ဆို​ကြ​၏။-


သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​လျှောက် ထား​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​အား​ကြည့်​တော်​မူ​၍​ကိုယ်​တော်​ရှင့်​နာ​မ တော်​ကို​ခံ​ယူ​ထား​သည့်​မြို့​၏​ဝေ​ဒ​နာ​ကို ရှု​မှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့ ကောင်း​မွန်၊ မှန်​ကန်​မှု​ကို​အ​မှီ​မ​ပြု၊ ကိုယ် တော်​၏​ကြီး​မြတ်​သော​က​ရု​ဏာ​ကို အ​မှီ​ပြု​၍​ဆု​တောင်း​ပါ​၏။-


ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​အိမ်​တော်​ကို​ဆု တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့ ဟု​ကျမ်း​စာ​လာ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​အိမ် တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ တ​ကား'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​က `` `ငါ​၏​အိမ်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့' ဟု​ကျမ်း စာ​လာ​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​သင်​တို့​သည် ထို​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ ပြီ​တ​ကား'' ဟု​လူ​တို့​အား​ဆုံး​မ​သွန်​သင်​တော် မူ​၏။


ကိုယ်​တော်​က ``ဤ​အ​ရာ​များ​ကို​ယူ​သွား ကြ။ ငါ့​အ​ဖ​၏​အိမ်​တော်​ကို​စျေး​မ​ဖြစ်​စေ နှင့်'' ဟု​ချိုး​ငှက်​ရောင်း​သူ​များ​အား​မိန့်​တော် မူ​၏။-


ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ