ယေရမိ 6:18 - Common Language Bible18 ထို့ကြောင့်ထာဝရဘုရားက``အချင်းလူမျိုး တကာတို့၊ နားထောင်ကြလော့။ အချင်းသက်သေ အပေါင်းတို့၊ ငါ၏လူမျိုးတော်ကြုံတွေ့ရမည့် ကံကြမ္မာကိုလေ့လာကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible18 အို လူ မျိုး ခြား ပ ရိ သတ် တို့၊ ထို သူ တို့ ၌ ဖြစ် ပျက် မည့် အ ရာ ကို ကြား နာ သိ မှတ် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible18 သို့ဖြစ်၍၊ အို တစ်ပါးအမျိုးသားတို့၊ နားထောင်ကြလော့။ တစ်ပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ်တို့၊ သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထို့ကြောင့် အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို လူအစုအဝေးတို့၊ သူတို့၌ဖြစ်လာမည့်အရာကို စောင့်ကြည့်ကြလော့။ အခန်းကိုကြည့်ပါ။ |
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။