Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 52:17 - Common Language Bible

17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဗိ မာန် တော် ရှိ ကြေး တိုင် များ၊ ကြေး ရေ ကန်၊ ကြေး အောက် ခံ များ ကို၊ ခါ လ ဒဲ လူ မျိုး တို့ ဖဲ့၍ ဗာ ဗု လုန် မြို့ သို့ ယူ သွား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဗိ​မာန်​တော်၌ ကြေး​ဝါ​တိုင်​တို့​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ရေ​ကန်​ကို​လည်း​ကောင်း၊ ရေ​ချိုး​အင်​တုံ အ​ခြေ​အ​မြစ်​တို့​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​လူ​တို့​သည် ချိုး​ဖဲ့၍၊ ကြေး​ဝါ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ခါလဒဲ​စစ်သည်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ကြေးနီ​တိုင်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ကြေးနီ​ရေကန်​နှင့်​တွန်းလှည်း တို့​ကို​ချိုးဖဲ့​၍ ကြေးနီ​ရှိသမျှ​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 52:17
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။


ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။


ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။-


ရွှေ​ခွက်​များ၊ ရွှေ​မီး​ညှပ်​များ၊ ရွှေ​လင်​ပန်း​များ၊ ရွှေ​ဇွန်း​များ၊ ရွှေ​ပြာ​ခံ​အိုး​များ​နှင့်​ဗိ​မာန် တော်​အ​တွင်း​သန့်​ရှင်း​ရာ​ဌာန​တံ​ခါး​များ​နှင့် ဗိ​မာန်​တော်​အ​ပြင်​ခန်း​တံ​ခါး​များ​အ​တွက် ရွှေ​ပတ္တာ​များ​ဖြစ်​လေ​သည်။


ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-


မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ