Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 52:1 - Common Language Bible

1 ဇေ​ဒ​ကိ​သည်​နန်း​တက်​စဉ်​အ​ခါ​က​အ​သက် နှစ်​ဆယ့်​တစ်​နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ် ဆယ့်​တစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ့​မယ် တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး ဟာ​မု​တ​လ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ဇေ ဒ ကိ မင်း သည် အိမ် နိမ့် နှစ် ဆယ့် တစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌ ဆယ့် တစ် နှစ် စိုး စံ လေ ၏။ မယ် တော့် အ မည် ကား၊ လိ ဗ န မြို့ သား ယေ ရ မိ၏ သ မီး ဟာ မု တ လ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဇေ​ဒ​ကိ​မင်း​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သူ ယေ​ရ​မိ​သ​မီး ဟာ​မု​တာ​လ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဇေဒကိ​သည် အသက်​နှစ်ဆယ့်​တစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ တစ်ဆယ့်​တစ်​နှစ်​စိုးစံ​လေ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 52:1
12 ပူးပေါင်းရင်းမြစ်များ  

ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-


ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ယေ​ရု​ရှ​လင် မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး၊ ဟာ​မု​တာ​လ​ဖြစ်​၏။-


ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-


ထို​အ​ခါ​မှ​အ​စ​ပြု​၍​ယ​ခု​တိုင်​ဧ​ဒုံ​ပြည် သည် ယု​ဒ​သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ​လွတ်​လပ် သော​နိုင်​ငံ​ဖြစ်​လာ​လေ​သည်။ ထို​အ​ချိန်​ကာ​လ ၌​လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​၏။


ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ သည်။-


ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-


ဇေ​ဒ​ကိ​မင်း​သည်​မေ​လ​ခိ​၏​သား​ပါ​ရှု​ရ နှင့် မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ သို့​စေ​လွှတ်​ပြီး​လျှင်၊-


ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ လ​၌​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ ၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​နှင့်​လာ​ရောက်​၍ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-


မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​စ​ရာ​ယ​သည် ဇေ​ဒ​ကိ​မင်း​၏​အ​ပါး​တော်​မြဲ​ဖြစ်​၏။ ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​စ​တုတ္ထ​နှစ်​၌​စ​ရာ​ယ သည်​ဗာ​ဗု​လုန်​မြို့​သို့​ရှင်​ဘု​ရင်​နှင့်​အ​တူ သွား​မည်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့​အား​အ​နည်း ငယ်​ညွှန်​ကြား​လိုက်​လေ​သည်။-


သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။


ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-


ထို့​အ​ပြင်​လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊- ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊- ကိ​လ​မြို့၊ အော​ခ​ဇိပ်​မြို့​နှင့်​မ​ရေ​ရှ​မြို့​စ​သော​မြို့​ကြီး ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​လည်း​ပါ​ဝင်​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ