ယေရမိ 51:49 - Common Language Bible49 ဗာဗုလုန်မြို့ကြောင့်ဣသရေလအမျိုးသား အမြောက်အမြားသည်လည်းကောင်း၊ ကမ္ဘာ အရပ်ရပ်ရှိလူတို့သည်လည်းကောင်းသေ ကြေပျက်စီးရကြသဖြင့် ယခုအခါ ဗာဗုလုန်မြို့သည်ကျဆုံးရလိမ့်မည်ဟူ ၍တည်း။ အခန်းကိုကြည့်ပါ။Garrad Bible49 လုပ် ကြံ ခံ ရ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ ဗာ ဗု လုန် မြို့ ကြောင့်၊ မြေ တစ် ပြင် လုံး ၌ လုပ် ကြံ ခံ ရ သူ အ ပေါင်း တို့ ပြို လဲ ကြ သည့် အ တွက်၊ ဗာ ဗု လုန် မြို့ လည်း ပြို လဲ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible49 ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုး သူရဲတို့သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း49 ဘေဘီလုံမြို့သည် အစ္စရေးလူမျိုးတို့ကို သတ်ခဲ့သောကြောင့် ကျရှုံးရမည်။ မြေကြီးသားအပေါင်းတို့သည် ဘေဘီလုံမြို့ကြောင့် လဲကျသေဆုံးရပြီ။ အခန်းကိုကြည့်ပါ။ |
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။