ယေရမိ 48:3 - Common Language Bible3 ဟောရနိမ်မြို့သူမြို့သားတို့က`အကြမ်းဖက်မှု၊ သုတ်သင်ဖျက်ဆီးမှု' ဟုဟစ်အော်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 လု ယက် ဖျက် ဆီး ပယ် ရှား သံ ကို ဟော ရ နိမ် မြို့ မှ ကြား ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာသော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကို ကြားရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ‘ဖျက်ဆီးခံရပြီ။ အကြီးအကျယ်ပျက်စီးလေပြီ’ဟု ဟောရနိမ်မြို့မှ အော်ဟစ်ငိုကြွေးသံကြားရ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။