ယေရမိ 42:1 - Common Language Bible1 ထိုနောက်ကာရာ၏သားယောဟနန်နှင့် ဟောရှဲ၏သားအာဇရိတို့အပါအဝင် တပ်မှူးအပေါင်းတို့သည် အတန်းအစား အမျိုးမျိုးပါဝင်သည့်လူတို့နှင့်အတူ လာရောက်ကြပြီးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible1 ထို အ ခါ တပ် မှူး တို့ နှင့် တ ကွ၊ ကာ ရာ့ သား ယော ဟ နန်၊ ဟော ရှဲ သား အာ ဇ ရိ တို့ သည်၊ လူ ကြီး လူ ငယ် အ ပေါင်း တို့ ပါ၊ ပ ရော ဖက် ယေ ရ မိ ထံ ချဉ်း ကပ် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိအစရှိသော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက်ယေရမိထံသို့ ချဉ်းကပ်၍ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ကာရာ၏သားယောဟနန်၊ ဟောရှာယ၏သားယေဇနိအပါအဝင် စစ်သည်အကြီးအကဲများနှင့် လူကြီးလူငယ်အပေါင်းတို့သည် အခန်းကိုကြည့်ပါ။ |
ယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။-
သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-