Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 38:7 - Common Language Bible

7 သို့​ရာ​တွင်​နန်း​တော်​အ​မှု​ထမ်း​ဆူ​ဒန်​အ​မျိုး သား​မိန်း​မ​စိုး​ဧ​ဗ​ဒ​မေ​လက်​သည် ဤ​သို့​ထို သူ​တို့​က​ရေ​တွင်း​ထဲ​သို့​ချ​လိုက်​ကြောင်း​ကို ကြား​သိ​သွား​လေ​သည်။ ထို​အ​ချိန်​၌​မင်း​ကြီး သည်​ဗင်္ယာ​မိန်​တံ​ခါး​အ​နီး​တွင်​ညီ​လာ​ခံ လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7-8 ထို နောက် နန်း တော် မိန်း မ စိုး တစ် ဦး ဖြစ် သူ၊ ကု ရှ ပြည် သား ဧ ဗ ဒ မေ လက် သည် ယေ ရိ မိ ကို၊ ထို တွင်း ၌ ချထား ကြ ကြောင်း ကြား သိ လျှင် နန်း တော် မှ ထွက် ၍ ဗင်္ယာ မိန် တံ ခါး ဝ တွင် စံ နေ သော ဘု ရင် မင်း ထံ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​သို့ ယေ​ရ​မိ​ကို မြေ​တွင်း၌ ချ​ထား​ကြောင်း​ကို နန်း​တော်​အ​ရာ​ရှိ​ဖြစ်​သော​သူ၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​သည် ကြား​သိ​သော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ဗင်္ယာ​မိန်​တံ​ခါး​ဝ၌ ထိုင်​နေ​တော်​မူ​စဉ်​တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ယေရမိ​အား ရေတွင်း​ထဲသို့ ပစ်ချ​ကြောင်း​ကို ဘုရင့်​နန်းတော်​ရှိ အီသီယိုးပီးယား​အမျိုးသား မိန်းမစိုး ဧဗဒမေလက်​ကြားသိ​လျှင် ဗင်္ယာမိန်​တံခါး​၌ ရှင်ဘုရင်​ထိုင်​နေ​စဉ်

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:7
22 ပူးပေါင်းရင်းမြစ်များ  

နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-


အီ​ဂျစ်​ပြည်​မှ​သံ​တ​မန်​များ​သည်​အ​ထံ တော်​သို့ လာ​ကြ​ပါ​လိမ့်​မည်။ ဆူ​ဒန်​ပြည်​သား​တို့​သည်​လက်​အုပ်​ချီ​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ ပြု​ကြ​ပါ​လိမ့်​မည်။


လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။


ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။ မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-


လူ​မည်း​သည်​မိ​မိ​၏​အ​သား​အ​ရောင်​ကို ပြောင်း​လဲ​စေ​နိုင်​ပါ​သ​လော။ သို့​တည်း​မ ဟုတ်​ကျား​သစ်​သည်​မိ​မိ​၏​အ​ကွက်​များ ကို​ဖယ်​ရှား​ပစ်​နိုင်​ပါ​သ​လော။ အ​ကယ်​၍ ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​လုပ်​နိုင်​မည် ဆို​ပါ​မူ ဒု​စ​ရိုက်​ကို​သာ​လျှင်​ပြု​ကျင့် တတ်​သူ​သင်​တို့​သည်​လည်း သု​စ​ရိုက်​သို့ ပြောင်း​လဲ​ပြု​ကျင့်​ကောင်း​ပြု​ကျင့်​နိုင်​ကြ ပေ​လိမ့်​မည်။-


ငါ့​အား​ရိုက်​နှက်​ပြီး​လျှင်​ဗိ​မာန်​တော်​အ​တွင်း ဗင်္ယာ​မိန်​အ​ထက်​တံ​ခါး​အ​နီး​တွင် သံ​ကြိုး များ​ဖြင့်​ချည်​နှောင်​၍​ထား​၏။-


ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။


ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-


သို့​ရာ​တွင်​ဗင်္ယာ​မိန်​တံ​ခါး​သို့ ရောက်​ရှိ​သော အ​ခါ​ဟာ​န​နိ​၏​မြေး၊ ရှေ​လ​မိ​၏​သား ဣ​ရိ​ယ​ဟု​ဆို​သူ​ကင်း​မှူး​က``သင်​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘက်​သို့​ထွက် ပြေး​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​၏။


သို့​ဖြစ်​၍​ဧ​ဗ​ဒ​မေ​လက်​သည်​နန်း​တော်​မှ ထို​အ​ရပ်​သို့​သွား​ပြီး​လျှင်​မင်း​ကြီး​အား၊-


ရုံး​တော်​များ​၌​မ​တ​ရား​မှု​ကို​ရှုတ်​ချ​ကာ အ​မှန်​ကို​သာ​ပြော​သူ​တို့​ကို​သင်​တို့​သည် မုန်း​ကြ​၏။-


မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-


ထို​နောက်​ကိုယ်​တော်​က ``သို့​ဖြစ်​၍​အ​နိမ့်​ဆုံး​သို့ ရောက်​သူ​များ​သည်​အ​မြင့်​ဆုံး​သို့​ရောက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။


မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-


သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့​မြို့​သို့ ထွက်​ပြေး​၍ မြို့​တံ​ခါး​ဝ​တွင်​ရှိ​သော​တ​ရား စီ​ရင်​ရာ​ဌာ​န​သို့​သွား​ပြီး​လျှင် မြို့​၏​အ​ကြီး အ​ကဲ​တို့​အား​ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ရှင်း​ပြ ရ​မည်။ ထို​နောက်​အ​ကြီး​အ​ကဲ​တို့​က ထို​သူ အား​မြို့​တွင်း​သို့​ဝင်​ခွင့်​ပြု​၍​သူ​နေ​ထိုင် ရန်​နေ​ရာ​ချ​ပေး​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ