ယေရမိ 32:43 - Common Language Bible43 ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible43 လူ သူ တိ ရ စ္ဆာန် မဲ့ ဆိတ် ညံ ရာ ရောက် ပြီ၊ ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ ရောက် ပြီ ဟူ၍ ဆို ကြ သော ဤ ပြည် တွင် ပင်၊ မြေ ကွက် များ ကို ရောင်း ဝယ် လေ့ ရှိ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible43 လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲလူတို့လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တစ်ဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံသောပြည်၊ ခါလဒဲတပ်၏လက်သို့ ရောက်သွားသောပြည်ဖြစ်၏ဟု သင်တို့ပြောသော ထိုပြည်မှလယ်ကို ဝယ်ယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက``ယေရမိ၊ ဤမြို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကြောင့် ဗာဗုလုန် ဘုရင်၏လက်တွင်းသို့ကျရောက်ရလိမ့်မည် ဟုပြည်သူတို့ပြောဆိုနေကြ၏။ နောက်ထပ် ငါမိန့်မှာရန်ရှိသည့်စကားကိုယခုနား ထောင်လော့။-
သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။