ယေရမိ 28:3 - Common Language Bible3 ဤဗိမာန်တော်မှာဗာဗုလုန်မြို့သို့နေဗုခဒ် နေဇာမင်းသိမ်းယူသွားသောဘဏ္ဍာမှန်သမျှ ကို နှစ်နှစ်အတွင်းဤဌာနတော်သို့ငါပြန် လည်ယူဆောင်လာမည်။- အခန်းကိုကြည့်ပါ။Garrad Bible3-4 ဤ အ ရပ် ဒေ သ မှ ဗာ ဗု လုန် မြို့ သို့၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ ယူ ဆောင် သိမ်း သွား သော၊ ဗိ မာန် တော့် ဆိုင် ရာ အ သုံး အ ဆောင် ရှိ သ မျှ ကို လည်း ကောင်း၊ ယော ယ ကိမ့် သား ယု ဒ ဘု ရင် ယေ ခေါ နိ နှင့် တ ကွ ယု ဒ လူ မျိုး အ နက် ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သူ အ ပေါင်း တို့ ကို လည်း ကောင်း၊ ဗာ ဗု လုန် ဘု ရင် ၏ ထမ်း ပိုး ကို ငါ ချိုး ဖြတ် သည့် အ လျောက်၊ နှစ် နှစ် အ တွင်း တွင် ဤ အ ရပ် ဒေ သ သို့ ငါ ပြန် ပို့ မည် ဟု မိန့် တော် မူ ကြောင်း၊ ငါ့ အား ပြော လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသော ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဤအရပ်မှ ဘေဘီလုံမြို့သို့ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသိမ်းဆည်းယူဆောင်သွားသည့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ရှိသမျှတို့ကို နှစ်နှစ်အတွင်း ဤအရပ်သို့ ငါပြန်ယူဆောင်လာမည်။ အခန်းကိုကြည့်ပါ။ |
နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။ အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင်ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။ မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။
ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။