Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 23:15 - Common Language Bible

15 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို့ ကြောင့် ပ ရော ဖက် တို့ ကို ရည် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် တို့ အ စ ပြု သော၊ လူ သ ရော် လူ ပျက် သ ဘော သည်၊ ပြည် လုံး ကျွတ် အ နှံ့ အ ပြား ရောက် ပြီး ဖြစ်၍၊ ထို ပ ရော ဖက် တို့ အား၊ ခါး သော ခဲ ဖွယ် သောက် ဖွယ် ကို၊ ငါ တိုက် ကျွေး မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့ကြောင့် ပရောဖက်​တို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ရှိ​ပရောဖက်​တို့ အစပြု​လိုက်​သော မကောင်းမှု​သည် တစ်ပြည်လုံး​သို့ ပျံ့နှံ့​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် သူ​တို့​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို သောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:15
12 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။


ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-


ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​က``ငါ​တို့​သည် အ​ဘယ်​ကြောင့်​မ​လှုပ်​မ​ယှက်​ထိုင်​နေ​ကြ​ပါ သ​နည်း။ လာ​ကြ၊ ခံ​တပ်​မြို့​များ​သို့​ပြေး​၍ ငါ​တို့​သေ​ကြ​ကုန်​အံ့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​သေ​ဒဏ် စီ​ရင်​တော်​မူ​ပြီ။ ငါ​တို့​သည်​ကိုယ်​တော်​ကို ပြစ်​မှား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​ငါ​တို့ သောက်​ရန်​အ​ဆိပ်​ပါ​သော​ရေ​ကို​တိုက်​တော် မူ​ပြီ။-


သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-


သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-


ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သော ဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။


ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။


ငါ့​အား​စိတ်​ဆင်း​ရဲ​မှု​ပူ​ဆွေး​ဒုက္ခ​ရောက်​မှု​တို့​ဖြင့် ချုပ်​နှောင်​ထား​တော်​မူ​ပါ​၏။


ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-


သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။


ဤ​နေ​ရာ​၌​ယ​နေ့​ရပ်​နေ​ကြ​သော​သူ​တို့ တွင်​မည်​သည့်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ သော်​လည်း​ကောင်း၊ မိ​သား​စု​သို့​မ​ဟုတ် အ​နွယ်​သော်​လည်း​ကောင်း​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ထို​သို့​ပြု မိ​လျှင် ခါး​၍​အ​ဆိပ်​ရှိ​သော​အ​ပင်​ကို ဖြစ်​ပွား​စေ​သည့်​အ​မြစ်​သ​ဖွယ်​ဖြစ် လိမ့်​မည်။-


(ယင်း​ကြယ်​ကို``ခါး​ခြင်း'' ဟု​ခေါ်​၏) သုံး​ပုံ​တစ် ပုံ​သော​ရေ​တို့​သည်​ရေ​ခါး​အ​ဖြစ်​သို့​ပြောင်း လဲ​သွား​ကြ​၏။ များ​စွာ​သော​လူ​တို့​သည်​ထို ရေ​ခါး​ကို​သောက်​သ​ဖြင့်​သေ​ကြ​ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ