Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 17:12 - Common Language Bible

12 ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ တို့ ၏ သန့် ရှင်း ရာ ဌာ န သည်၊ ရှေး မ ဆွ က မြင့် မြတ်၍၊ ဘုန်း ကြီး သော ရာ ဇ ပ လ္လင် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ရှေ့​ဦး​စွာ​မှ​စ၍ မြင့်​သော​အ​ရပ်၌ ဘုန်း​ကြီး​တော်​မူ​သော ရာ​ဇ​ပ​လ္လင်​သည် ငါ​တို့​သန့်​ရှင်း​ရာ ဌာ​န​တော်​အ​ရပ် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အစအဦး​ကပင် မြင့်မြတ်​၍ ဘုန်းကြီး​သော​ပလ္လင်​တော်​သည် ငါ​တို့​၏​သန့်ရှင်းရာဌာန​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 17:12
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။


ဘုန်း​တော်​နှင့်​ဂုဏ်​တော်​သည်​ကိုယ်​တော်​ကို ခြံ​ရံ​လျက်​ရှိ​၏။ တန်​ခိုး​တော်​နှင့်​ဂုဏ်​ကြက်​သ​ရေ​တော်​သည် ဗိ​မာန်​တော်​၌​တည်​လျက်​ရှိ​၏။


သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ကောင်း​ကင်​ဘုံ​သည်​ငါ ၏​ရာ​ဇ​ပလ္လင်​ဖြစ်​၍​ကမ္ဘာ​မြေ​ကြီး​သည် ငါ ၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ထို​ကြောင့်​သင်​တို့​သည် ငါ​၏​အ​တွက်​အ​ဘယ်​သို့​သော​ဗိ​မာန်၊ ငါ ကျိန်း​ဝပ်​ရန်​အ​တွက်​အ​ဘယ်​သို့​သော အ​ဆောက်​အ​ဦး​ကို​တည်​ဆောက်​နိုင်​ကြ ပါ​မည်​နည်း။-


ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။


ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သည်`ထာ​ဝ​ရ​ဘု​ရား​၏​ရာ​ဇ ပလ္လင်​တော်' ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​မြို့ တွင်​စု​ရုံး​၍ ငါ​၏​နာ​မ​တော်​ကို​ဂုဏ်​ပြု​ကြ လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​ခက် မာ​သည့်​စိတ်​အ​လို​ကို​လိုက်​၍​ပြု​ကျင့်​ကြ တော့​မည်​မ​ဟုတ်။-


ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​အ​ရပ် တွင်​ငါ​၏​ရာ​ဇ​ပလ္လင်​ရှိ​၏။ ငါ​၏​ခြေ​နင်း ရာ​နေ​ရာ​ဖြစ်​၏။ ငါ​သည်​ဤ​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​၍​သူ​တို့​အား​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​များ​ဖြစ်​စေ၊ သူ​တို့​၏​ဘု​ရင်​များ ဖြစ်​စေ၊ ဝိ​ညာဉ်​ဆိုင်​ရာ​ပြည့်​တန်​ဆာ လုပ်​ငန်း​ဖြင့်​လည်း​ကောင်း၊ ဘု​ရင်​တို့​၏ အ​လောင်း​များ​ကို​မြင့်​သော​အ​ရပ်​များ တွင် ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော် ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-


``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-


ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။


သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။


ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ