ယေရမိ 11:21 - Common Language Bible21 အာနသုတ်မြို့သားတို့အတွက်ထာဝရ ဘုရားမိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ငါ့အားသတ်လိုသဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆက်လက် ဟောပြောလျှင် ငါ့ကိုသတ်မည်ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ထာ ဝ ရ ဘု ရား က၊ ငါ တို့ လက် ရောက် မှု ဖြင့်၊ ဆ ရာ သေ ဒဏ် မ ခံ ရ ရန်၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု၍ မ ဟော မ ပြော ရ ဟု မြစ် တား သူ၊ သင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သော အာ န သုတ် မြို့ သား တို့ ကို ရည်၍၊ အခန်းကိုကြည့်ပါ။Judson Bible21 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ်မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည်အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကိုရှာကြသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထို့ကြောင့် “ငါတို့လက်ဖြင့် သင်မသေရမည့်အကြောင်း ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်မပြုနှင့်”ဟု ဆိုလျက် သင့်အသက်ကိုရန်ရှာသော အာနသုတ်မြို့သားတို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။