ယေရမိ 11:18 - Common Language Bible18 ငါ့ကိုသတ်ဖြတ်ရန် ရန်သူတို့လျှို့ဝှက်စွာ ကြံစည်လျက်နေကြောင်း ငါ့အားထာဝရ ဘုရားဗျာဒိတ်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 လူ တို့ အ ကျင့် အ ကြံ များ ကို၊ ထာ ဝ ရ ဘု ရား ဖွင့် လှစ် ဖော် ပြ တော် မူ သော အား ဖြင့် သာ၊ ငါ သိ မြင် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထာဝရဘုရားသည် ငါ့အား ဖော်ပြတော်မူသောကြောင့် ငါသိရ၏။ သူတို့ပြုသောအမှုတို့ကို ငါ့အား ပြတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
ဧလိရှဲအားဖမ်းဆီးရန်လူတစ်ယောက်ကို စေလွှတ်တော်မူ၏။ ဤအတောအတွင်း၌ဧလိရှဲသည်မိမိထံသို့ အလည်အပတ်လာသောအမျိုးသားအကြီး အကဲများနှင့်အတူ မိမိ၏အိမ်တွင်ရှိလေ သည်။ မင်းကြီး၏စေတမန်မရောက်လာမီ ဧလိရှဲက ထိုအကြီးအကဲတို့အား``လူသတ် သမားသည် ငါ့အားသတ်ရန်လူတစ်ယောက် ကိုစေလွှတ်လေပြီ။ သို့ဖြစ်၍ထိုသူရောက်လာ သောအခါတံခါးကိုပိတ်ထားကြလော့။ သူ့ အားအထဲသို့ဝင်ခွင့်မပြုကြနှင့်။ မင်းကြီး ကိုယ်တိုင်ပင်လျှင်သူ၏နောက်မှလိုက်လာ လိမ့်မည်'' ဟုပြော၏။-