ယေရမိ 11:10 - Common Language Bible10 ငါ့စကားကိုနားမထောင်သူမိမိတို့ဘိုး ဘေးများပြုကျင့်ခဲ့သည့်အပြစ်ဒုစရိုက် များကိုပင်ပြန်လည်ပြုကျင့်လျက်နေကြ လေပြီ။ သူတို့သည်အခြားဘုရားကိုဝတ် ပြုကိုးကွယ်ကြလေပြီ။ ဣသရေလအမျိုး သားများနှင့်ယုဒအမျိုးသားများသည် ငါနှင့်မိမိတို့ဘိုးဘေးများပြုခဲ့သည့် ပဋိညာဉ်ကိုချိုးဖောက်ကြလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible10 ထို သူ တို့ သည် ဗျာ ဒိတ် တော် ချက် များ ကို နား မ ထောင် လို သော ဘိုး ဘေး တို့၏ ဒု စ ရိုက် များ သို့ ပြန် ဆုတ်၍၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ကြ ကုန်၏။ ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည်၊ ဘိုး ဘေး များ နှင့် ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible10 ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှာပြန်သွားကြပြီ။ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုအံ့သောငှာ လိုက်သွားကြပြီ။ သူတို့၏ဘိုးဘေးများနှင့် ငါဖွဲ့သောပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။-
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။-
သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-