ယေရမိ 1:12 - Common Language Bible12 ထိုအခါထာဝရဘုရားက``သင်ပြောသည် အတိုင်းမှန်ပေ၏။ ငါသည်လည်းငါ့စကား အကောင်အထည်ဖော်သည်ကိုစောင့်ကြည့် လျက်နေ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား က သင့် အ မြင် တော် သင့် ပြီ၊ အ သို့ ဆို သော် ဗျာ ဒိတ် တော် ကို အ တည် ပြု ရန် ငါစောင့် ထိန်း သော ကြောင့် တည်း ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားက၊ သင်သည် မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကိုပြည့်စုံစေခြင်းငှာ၊ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထိုအခါ ထာဝရဘုရားက “သင်မြင်သည့်အတိုင်း မှန်ပေ၏။ အကြောင်းမူကား ငါ့စကားပြည့်စုံသည်ကို ငါစောင့်ကြည့်နေ၏”ဟု ငါ့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
ထိုနောက်ထာဝရဘုရားကငါ့အား``ယေရမိ၊ သင်အဘယ်အရာကိုမြင်သနည်း'' ဟုမေး တော်မူ၏။ ငါကလည်း``သင်္ဘောသဖန်းသီးများကိုမြင် ပါသည်။ ကောင်းသောသင်္ဘောသဖန်းသီးများ သည် အလွန်ကောင်း၍ပုပ်သောသင်္ဘောသဖန်း သီးများမှာစား၍မရနိုင်လောက်အောင်ပုပ် ၍နေပါသည်'' ဟုပြန်လည်လျှောက်ထား၏။
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-